Wednesday, February 13, 2013 by Myanmar Youths Contributive Organization (MYCO)
Myanmar Youths Contributive Organization (MYCO) မှ 12. 2. 2013 ပြည်ထောင်စုနေ့တွင် လှိုင်သာယာမြို့နယ် ရွှပြည်သာတံတားအနီးရှိအလယ်ရွာ မှ ဦးစီး ပဓာန နာယက ဆရာတော်ဘုရားကြီး ဘဒ္ဒန္တဇေယျာနန္ဒကြီးမှူးသော အောင်ဇေယျာမင်း မိဘမဲ့ ပရဟိတ ကျောင်းသို့ အလှူငွေ၊ အ၀တ်အထည်နှင့် မုန့်များကို သွားရောက်လှူဒါန်းခဲ့ပါသည်။ ထိုအလှူတွင် GG, MYSN စသည့် အဖွဲ့အစည်းများ၊ သူငယ်ချင်းမိတ်ဆွေများ နှင့် သတင်းထောက်များ ပါဝင်တက်ရောက် လှူဒါန်းအားဖြည့်ခဲ့ပြီး ကလေးငယ်များနှင့် အတူပျော်ရွှင်စွာ ကစားခြင်း၊ သီချင်းများ သီဆိုခြင်းများနှင့် အတူ ထိုကျောင်းတွင် တစ်နေ့တာ ကုန်ဆုံးခဲ့ပါသည်။ထိုကျောင်းသည် မူလတန်းမှစ၍ အလယ်တန်းပြီးဆုံသည်ထိ စားစရိတ် နေစရိတ် သင်စရိတ် တာဝန်ယူပေးပြီး အလယ်တန်းပြီးဆုံးပါက အစိုးရကျောင်းများသို့တက်ရောက်စေခြင်းများကိုဆာင်ရွက်နေသောမွန်မြတ်သော ကျာင်းဖြစ်ပါသည်။ ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဆရာတော် ဘုရားကြီး ဘဒ္ဒန္တဇေယျာနန္ဒကြီးမှူးလျက်ထိုကျောင်းကို တည်ထောင်ခဲ့ပါသည်။ လက်ရှိတွင် ကျောင်းသား/သူကလေးငယ် စုစုပေါင်း ၂၀၀၀ကျော် အားစေတနာရှင်များမှ လှူဒါန်းငွေဖြင့် ထာက်ပံ့လျက်ရှိပါသည်။ အလှူဒါနပြုလိုသူများ အနေဖြင့် ဆရာတော်ထံသို့(ဖုန်းနံပါတ်-၀၉ ၈၆၂၃၀၁၁) ဆက်သွယ်လှူဒါန်းနိုင်ပါသည်။
 မှတ်တမ်းဓာတ်ပုံများကို အောက်ပါလင့် MYCO ၏ ဖေ့ဘုတ် စာမျကတွင် သွားရောက်ကြည့် ရှုနိုင်ပါတယ်။
http://www.facebook.com/media/set/?set=a.186869121436720.6811.185427084914257&type=3

Myanmar Youths Contributive Organization(MYCO) is a Non-Profit Organization. Especially, educational and social organization for youth.

Powered by Blogger.

Ads 468x60px

Popular Posts

Sample widget

Sample widget

Myanmar Youths Contributive Organization(MYCO) is a Non-Profit Organization. Especially, educational and social organization for youth.

Featured Posts

1