နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

Saturday, October 6, 2012 by: Myanmar Youths Contributive Organization (MYCO)


Myanmar Youths Contributive Organization (MYCO)
Yangon, Myanmar.

Myanmar Youths Contributive Organization (MYCO) ကို အစိုးရ မဟုတ်သော(NGO)၊ အကျိုးအမြတ် မယူသော (NPO)၊ ပညာရေးနှင့် လူမှုရေးဆိုင်ရာ အဖွဲ့အစည်း အဖြစ် Myanmar Y.E.P, B-CEIT 4  မှ သင်တန်းသား/သူများ စုပေါင်းပြီး  အဖွဲ့ဝင်(၂၅) ဦး ဖြင့် ၂၂-၇-၂၀၁၂(တနင်္ဂနွေ) တွင် စတင်ဖွဲ့စည်းခဲ့သည်။ လက်ရှိ အချိန်တွင် အဖွဲ့ဝင်(၄၀) ဦး ဖြင့် လှုပ်ရှားမှုများ ပြုလုပ်လျှက် ရှိသည်။
           
Logo

          ­
ဆောင်ပုဒ် ”
             အနာဂတ်လူငယ် တို့ကာကွယ်
 ဖေးကူတွဲလက် တိုင်းပြည်အတွက်

ရည်ရွယ်ချက် ”
=)        မြန်မာ လူ့ဘောင် အဖွဲ့အစည်းအတွင်း အရည်အသွေးမြင့်မားပြီး စွမ်းဆောင်နိုင်သည့် ခေတ်ပညာတတ် လူငယ်များ ပေါ်ထွန်းလာစေရေး အတွက် အားပေး ကူညီ ထောက်ပံ့ လှူဒါန်းသွားရန်၊
=)        လူမှုပတ်ဝန်းကျင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများကို တတ်အားသရွေ့ လက်တွဲ ကူညီ       ဆောင်ရွက်ပေးရန်၊

“ အဓိက ဆောင်ရွက်မည့် လုပ်ငန်းများ
=)         အသင်းသားများနှင့် ပြင်ပအလှူရှင်များထံမှ (လစဉ်) ကောက်ခံရရှိသော အလှူငွေများကို   ပညာရေး နှင့် လူမှုရေးဆိုင်ရာ လိုအပ်သောနေရာများတွင် နှစ်လ (သို့) သုံးလလျှင် တစ်ကြိမ် လှူဒါန်းသွားရန်၊
=)        အခါအားလျော်စွာ (အခမဲ့) ပညာသင်ကြားပေးရန်နှင့် အခြားသော (အခမဲ့) ပညာသင်တန်းများသို့ တက်ရောက်လိုသူများအား ချိတ်ဆက်ဆောင်ရွက်ပေးရန်၊
=)        အခါအားလျော်စွာ အခြားသော လူမှုရေး / နိုင်ငံရေး အဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ပညာရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု(သီးသန့်) ကိုသာ  ပြုလုပ်သွားရန်၊

မှတ်ချက်။        ။ နိုင်ငံရေးနှင့်ပတ်သက်သော လှုပ်ရှားမှု / ဆောင်ရွက်မှုများကို (လုံးဝ) လက်မခံဘဲ ငြင်းပယ်သွားမည်

လက်ရှိ ဆောင်ရွက် လှုပ်ရှားမှုများ

မသန်စွမ်း မိဘမဲ့ကလေး ပြုစုစောင့်ရှောက်ရေး ဂေဟာများသို့ ကျွေးမွေး ထောက်ပံ့ လှူဒါန်းခြင်း၊ အခြေခံပညာ မူလတန်း ကျောင်းသား/သူများ လိုအပ်သော  ကျောင်းသုံးဗလာစာအုပ်များတွင် သဘာဝဘေးအန္တရာယ် ကာကွယ်တားဆီးရေးဆိုင်ရာ ပညာပေးအချက်အလက်များ ထည့်သွင်းရိုက်နှိပ်ပြီး မိဘမဲ့ကလေး စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးသင်(ဘက) ပညာသင် ကျောင်းများသို့ ဖြန့်ဝေ လှူဒါန်းရန် စီစဉ်ခြင်း၊ အခြားသော ပညာရေးနှင့် လူမှုရေးဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခြင်း။

ရုံးခန်း (ယာယီ)။             ။ အမှတ် - ၁၁၊ ၅၃ လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။

MYCO သို့ Member အဖြစ် ၀င်ရောက် ပူးပေါင်းဆောင်ရွက်ခြင်း၊ ပြင်ပအလှူရှင် အဖြစ် ဆက်သွယ်လှူဒါန်းခြင်းများ ပြုလုပ်လိုပါက အောက်ပါ ဖုန်းနံပါတ် / E-mail များသို့ ဆက်သွယ်နိုင်ပါသည်။

ကိုမင်းမင်းထွန်း =) ၀၉-၇၃၁၃၀၂၇၅         ==) myco.ec11@gmail.com, minmintun747@gmail.com
ကိုစောမောင်  ==) ၀၉-၄၂၅၃၀၆၅၄၆      ==) myco.ec11@gmail.com, goldengeneration12@gmail.com
ကိုစောသူရ ===) ၀၉-၄၄၈၀၃၅၃၇၀       ==) myco.ec11@gmail.com, themask2014@gmail.com
မနှင်းယုမော် == ) ၀၉-၄၂၁၀၉၂၉၄၀       ==) myco.ec11@gmail.com, hninyumaw611@gmail.com

E-mail:                         myco.ec11@gmail.com, mycoinformation@gmail.com
facebook:         mycomyanmar                        
blog name:       www.mycomyanmar.blogspot.com

Filed under: