INTRODUCTION

Monday, September 17, 2012 by: Myanmar Youths Contributive Organization (MYCO)


Myanmar Youths Contributive Organization (MYCO) ကို အစိုးရမဟုတ်သော (NGO) / အကျိုးအမြတ်မယူသော (NPO) ပညာရေးနှင့်လူမှုရေးဆိုင်ရာ အဖွဲ့အစည်း အဖြစ် Myanmar Y.E.P, BCEIT 4  မှ သင်တန်းသား / သူများ စုပေါင်းပြီး  အသင်းသား (၂၅) ဦး ဖြင့် ၂၂-၇-၂၀၁၂ (တနင်္ဂနွေ) တွင်စတင်ဖွဲ့စည်းခဲ့သည်။
               
Logo
          ­
ဆောင်ပုဒ် ”
          “အနာဂတ်လူငယ် တို့ကာကွယ်
 ဖေးကူတွဲလက် တိုင်းပြည်အတွက်”
ရည်ရွယ်ချက် ”
=)      မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း အရည်အသွေးမြင့်မားပြီး စွမ်းဆောင်နိုင်သည့် ခေတ်ပညာတတ် လူငယ်များ ပေါ်ထွန်းလာစေရန်
=)      လူမှုပတ်ဝန်းကျင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများကို တတ်အားသရွေ့ လက်တွဲ ကူညီဆောင်ရွက်ပေးရန် 
လုပ်ငန်းစဥများ
=)       အသင်းသားများနှင့် ပြင်ပအလှူရှင်များထံမှ (လစဉ်) ကောက်ခံရရှိသော အလှူငွေများကို လိုအပ်သော   ပညာရေးနှင့်လူမှုရေးဆိုင်ရာ နေရာများတွင် နှစ်လ(သို့) သုံးလလျှင် တစ်ကြိမ် လှူဒါန်းသွားရန် စီစဉ်ခြင်း ။
=)      အခါအားလျော်စွာ (အခမဲ့) ပညာသင်ကြားပေးရန်နှင့် အခြားသော (အခမဲ့) ပညာသင်တန်းများသို့ တက်ရောက်လိုသူများအား ချိတ်ဆက်ဆောင်ရွက်ပေးရန် စီစဉ်ခြင်း     
=)      အခါအားလျော်စွာ အခြားသော လူမှုရေး / နိုင်ငံရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ပညာရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု(သီးသန့်) ကိုသာ  ပြုလုပ်သွားရန် စီစဉ်ခြင်း ။
မှတ်ချက်။        ။ နိုင်ငံရေးနှင့်ပတ်သက်သော လှုပ်ရှားမှု / ဆောင်ရွက်မှုများကို (လုံးဝ)   လက်မခံဘဲ
                      ငြင်းပယ်သွားမည်။

Member ၀င်ရန် လိုအပ်ချက်များ၊ ခံယူရမည့်သဘောထားနှင့် လိုက်နာရမည့် စည်းကမ်းများ
=)      ၁။  အသက် ၁၆နှစ် ပြည့်ပြီးသူဖြစ်ရမည်။ အသက် ၁၈နှစ် မပြည့်သေးသူဖြစ်လျှင် မိဘ (သို့) အုပ်ထိန်းသူ၏ ခွင့်ပြုချက်ပါရှိရမည်။
=)      ၂။  MYCO သည် အဖွဲ့ဝင်များ၏ (လစဉ်) ထည့်ဝင်ငွေများကို အဓိက အခြေခံလျက် ပညာရေးနှင့်လူမှုရေး လုပ်ငန်းများကိုသာ လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ရာ အောင်မြင်မှုများ ရရှိစေရေးအတွက်  အဖွဲ့ဝင်တိုင်းတွင် အဓိက တာဝန်ရှိသည်ဟု ခံယူပြီး ကြီုးစားလုပ်ဆောင်ပေးရမည်။
=)      ၃။  ပြင်ပမှအလှူငွေများလက်ခံရရှိရေး နှင့် လူအား၊ ငွေအား ကူညီထောက်ပံ့မှုများ ရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်ပေးရမည်။
=)      ၄။  အဖွဲ့ဝင်များသည် အသက်အရွယ် ကွာခြားမှုများရှိနိုင်သောကြောင့် အပြန်အလှန် လေးစားမှုရှိရေး ၊ နားလည်စာနာမှုရှိရေး၊ စည်းလုံးညီညွတ်မှုရှိရေးနှင့် MYCO ၏ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်စေရေးအတွက် အပြန်အလှန် ထိန်းသိမ်းပေးရမည်။
=)      ၅။  အဖွဲ့အစည်း ရေရှည်တည်တံ့ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေးကို ရှေးရှုလျက် အဖွဲ့အစည်း အတွင်းတွင် အုပ်စုငယ်များအဖြစ် ထပ်မံတည်ရှိမှုကို (လုံးဝ) မပြုလုပ်ရန်နှင့် အဖွဲ့ဝင်များအားလုံး စည်းလုံး ညီညွတ်မှု တစ်စိတ်တစ်ဝမ်းတည်းရှိစေရေး ကြီုးပမ်းအားထုတ် လုပ်ဆောင်ပေးရမည်။
=)      ၆။  အဖွဲ့ဝင်များသည် MYCO ၏ ပညာရေးနှင့်လူမှုရေးဆိုင်ရာ (မူလ) ရည်ရွယ်ချက်ကို ပျက်စီးစေခြင်း၊ ဂုဏ်သရေကို ထိခိုက် ညှိုးနွမ်းစေခြင်း၊ တစ်နည်းနည်းဖြင့် ယုံကြည်မှု ပျက်ပြားစေခြင်းများ မဖြစ်ပေါ်စေရန် တာဝန်ရှိသည်။
=)      ၇။  အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီနှင့် အခြားသော လူမှုရေး၊ ဘာသာရေး           အသင်းအဖွဲ့များတွင် ပါဝင်နိုင်သော်လည်း MYCO သည်  ပညာရေးနှင့်လူမှုရေး (သီးသန့်) ကူညီဆောင်ရွက်မှုများအတွက်  ဖွဲ့စည်းထားခြင်းသာဖြစ်သည်ကို သတိမူလျက် အဖွဲ့အစည်းအတွင်းတွင် နိုင်ငံရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်ခြင်း၊ ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ (လုံးဝ) မပြုလုပ်စေရေး ထိန်းသိမ်းပေးရမည်။
=)      ဆက်သွယ်လိုပါက အောက်ပါ ဖုန်းနံပါတ် / E-mail များသို့ ဆက်သွယ်နိုင်ပါသည်။

ကိုမင်းမင်းထွန်း    - ၀၉-၇၃၁၃၀၂၇၅         latpwintkhine74@gmail.com
ကိုစောမောင်      - ၀၉-၄၂၅၃၀၆၅၄၆        goldengeneration12@gmail.com
ကိုစောသူရ        - ၀၉-၄၄၈၀၃၅၃၇၀        themask2014@gmail.com
မနှင်းယုမော်       - ၀၉-၄၂၁၀၉၂၉၄၀       hninyumaw611@gmail.com 
Facebook: mycomyanmar
Myanmar Youths Contributive Organization ( MYCO)
Yangon, Myanmar.

Filed under: