Thursday, September 20, 2012 by Myanmar Youths Contributive Organization (MYCO)
                 ကျွန်တော်တို့ Myanmar Youths Contributive Organization (MYCO) မှ 16th September, 2012 တွင် လူမှုဝန်ထမ်းဦးစီးဌာန လက်အောက်ရှိ မသန်စွမ်း ကလေးများ   စောင့်ရှောက်ရေးဂေဟာ(ရဲဘော်ဟောင်း)သို့  မသန်စွမ်း ကလေးငယ်များအတွက် နေ့လည်စာနှင့် စားစရာမုန့်များကို သွားရောက်လှူဒါန်းခဲ့ပါသည်။                   
မှတ်တမ်းဓာတ်ပုံများ
                               လက်နှစ်ဘက်မပါ၍ ခြေထောက်ဖြင့် ထမင်းစားနေသော ကလေးတစ်ဦး                         
Monday, September 17, 2012 by Myanmar Youths Contributive Organization (MYCO)
Myanmar Youths Contributive Organization (MYCO) ကို အစိုးရမဟုတ်သော (NGO) / အကျိုးအမြတ်မယူသော (NPO) ပညာရေးနှင့်လူမှုရေးဆိုင်ရာ အဖွဲ့အစည်း အဖြစ် Myanmar Y.E.P, BCEIT 4  မှ သင်တန်းသား / သူများ စုပေါင်းပြီး  အသင်းသား (၂၅) ဦး ဖြင့် ၂၂-၇-၂၀၁၂ (တနင်္ဂနွေ) တွင်စတင်ဖွဲ့စည်းခဲ့သည်။
Logo
          ­
ဆောင်ပုဒ် ”
          “အနာဂတ်လူငယ် တို့ကာကွယ်
 ဖေးကူတွဲလက် တိုင်းပြည်အတွက်”
ရည်ရွယ်ချက် ”
=)      မြန်မာ့လူ့ဘောင် အဖွဲ့အစည်းအတွင်း အရည်အသွေးမြင့်မားပြီး စွမ်းဆောင်နိုင်သည့် ခေတ်ပညာတတ် လူငယ်များ ပေါ်ထွန်းလာစေရန်
=)      လူမှုပတ်ဝန်းကျင်အတွင်း ဖြစ်ပေါ်လျက်ရှိသော အခက်အခဲများကို တတ်အားသရွေ့ လက်တွဲ ကူညီဆောင်ရွက်ပေးရန် 
လုပ်ငန်းစဥများ
=)       အသင်းသားများနှင့် ပြင်ပအလှူရှင်များထံမှ (လစဉ်) ကောက်ခံရရှိသော အလှူငွေများကို လိုအပ်သော   ပညာရေးနှင့်လူမှုရေးဆိုင်ရာ နေရာများတွင် နှစ်လ(သို့) သုံးလလျှင် တစ်ကြိမ် လှူဒါန်းသွားရန် စီစဉ်ခြင်း ။
=)      အခါအားလျော်စွာ (အခမဲ့) ပညာသင်ကြားပေးရန်နှင့် အခြားသော (အခမဲ့) ပညာသင်တန်းများသို့ တက်ရောက်လိုသူများအား ချိတ်ဆက်ဆောင်ရွက်ပေးရန် စီစဉ်ခြင်း     
=)      အခါအားလျော်စွာ အခြားသော လူမှုရေး / နိုင်ငံရေးအဖွဲ့အစည်းများနှင့် ချိတ်ဆက်ပြီး ပညာရေးနှင့် လူမှုရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု(သီးသန့်) ကိုသာ  ပြုလုပ်သွားရန် စီစဉ်ခြင်း ။
မှတ်ချက်။        ။ နိုင်ငံရေးနှင့်ပတ်သက်သော လှုပ်ရှားမှု / ဆောင်ရွက်မှုများကို (လုံးဝ)   လက်မခံဘဲ
                      ငြင်းပယ်သွားမည်။
Member ၀င်ရန် လိုအပ်ချက်များ၊ ခံယူရမည့်သဘောထားနှင့် လိုက်နာရမည့် စည်းကမ်းများ
=)      ၁။  အသက် ၁၆နှစ် ပြည့်ပြီးသူဖြစ်ရမည်။ အသက် ၁၈နှစ် မပြည့်သေးသူဖြစ်လျှင် မိဘ (သို့) အုပ်ထိန်းသူ၏ ခွင့်ပြုချက်ပါရှိရမည်။
=)      ၂။  MYCO သည် အဖွဲ့ဝင်များ၏ (လစဉ်) ထည့်ဝင်ငွေများကို အဓိက အခြေခံလျက် ပညာရေးနှင့်လူမှုရေး လုပ်ငန်းများကိုသာ လုပ်ဆောင်ရန် ရည်ရွယ်ထားခြင်းဖြစ်ရာ အောင်မြင်မှုများ ရရှိစေရေးအတွက်  အဖွဲ့ဝင်တိုင်းတွင် အဓိက တာဝန်ရှိသည်ဟု ခံယူပြီး ကြီုးစားလုပ်ဆောင်ပေးရမည်။
=)      ၃။  ပြင်ပမှအလှူငွေများလက်ခံရရှိရေး နှင့် လူအား၊ ငွေအား ကူညီထောက်ပံ့မှုများ ရရှိစေရေး အတွက် စည်းရုံးလှုံ့ဆော်ပေးရမည်။
=)      ၄။  အဖွဲ့ဝင်များသည် အသက်အရွယ် ကွာခြားမှုများရှိနိုင်သောကြောင့် အပြန်အလှန် လေးစားမှုရှိရေး ၊ နားလည်စာနာမှုရှိရေး၊ စည်းလုံးညီညွတ်မှုရှိရေးနှင့် MYCO ၏ စည်းမျဉ်းစည်းကမ်းများကို စနစ်တကျ လိုက်နာ ဆောင်ရွက်စေရေးအတွက် အပြန်အလှန် ထိန်းသိမ်းပေးရမည်။
=)      ၅။  အဖွဲ့အစည်း ရေရှည်တည်တံ့ ခိုင်မာအားကောင်းစွာ ရပ်တည်နိုင်ရေးကို ရှေးရှုလျက် အဖွဲ့အစည်း အတွင်းတွင် အုပ်စုငယ်များအဖြစ် ထပ်မံတည်ရှိမှုကို (လုံးဝ) မပြုလုပ်ရန်နှင့် အဖွဲ့ဝင်များအားလုံး စည်းလုံး ညီညွတ်မှု တစ်စိတ်တစ်ဝမ်းတည်းရှိစေရေး ကြီုးပမ်းအားထုတ် လုပ်ဆောင်ပေးရမည်။
=)      ၆။  အဖွဲ့ဝင်များသည် MYCO ၏ ပညာရေးနှင့်လူမှုရေးဆိုင်ရာ (မူလ) ရည်ရွယ်ချက်ကို ပျက်စီးစေခြင်း၊ ဂုဏ်သရေကို ထိခိုက် ညှိုးနွမ်းစေခြင်း၊ တစ်နည်းနည်းဖြင့် ယုံကြည်မှု ပျက်ပြားစေခြင်းများ မဖြစ်ပေါ်စေရန် တာဝန်ရှိသည်။
=)      ၇။  အဖွဲ့ဝင်များသည် နိုင်ငံရေးပါတီနှင့် အခြားသော လူမှုရေး၊ ဘာသာရေး           အသင်းအဖွဲ့များတွင် ပါဝင်နိုင်သော်လည်း MYCO သည်  ပညာရေးနှင့်လူမှုရေး (သီးသန့်) ကူညီဆောင်ရွက်မှုများအတွက်  ဖွဲ့စည်းထားခြင်းသာဖြစ်သည်ကို သတိမူလျက် အဖွဲ့အစည်းအတွင်းတွင် နိုင်ငံရေးဆိုင်ရာ စည်းရုံးလှုံ့ဆော်ခြင်း၊ ပါဝင်ပူးပေါင်းရန် ဖိတ်ခေါ်ခြင်း၊ လှုပ်ရှားဆောင်ရွက်ခြင်းများ (လုံးဝ) မပြုလုပ်စေရေး ထိန်းသိမ်းပေးရမည်။
=)      ဆက်သွယ်လိုပါက အောက်ပါ ဖုန်းနံပါတ် / E-mail များသို့ ဆက်သွယ်နိုင်ပါသည်။
ကိုမင်းမင်းထွန်း    - ၀၉-၇၃၁၃၀၂၇၅         latpwintkhine74@gmail.com
ကိုစောမောင်      - ၀၉-၄၂၅၃၀၆၅၄၆        goldengeneration12@gmail.com
ကိုစောသူရ        - ၀၉-၄၄၈၀၃၅၃၇၀        themask2014@gmail.com
မနှင်းယုမော်       - ၀၉-၄၂၁၀၉၂၉၄၀       hninyumaw611@gmail.com 
Facebook: mycomyanmar
Myanmar Youths Contributive Organization ( MYCO)
Yangon, Myanmar.
Myanmar Youths Contributive Organization(MYCO) is a Non-Profit Organization. Especially, educational and social organization for youth.
Powered by Blogger.
Ads 468x60px
Popular Posts
Sample widget
Sample widget
Myanmar Youths Contributive Organization(MYCO) is a Non-Profit Organization. Especially, educational and social organization for youth.
Featured Posts
1